သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမှာ အရှေ့နဲ့အနောက် ဘယ်သူအရေးကြီးသလဲ


မေလ ၂၆၊ ၂၀၁၈ - မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ ကြန့်ကြာနေချိန်မှာပဲ တရုတ်နိုင်ငံက အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မကြာသေးခင်ကပဲ တွေ့ဆုံပြီး၊ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး တရုတ်နိုင်ငံတင် မကပါဘူး၊ ဂျပန်၊ အမေရိကန်စတဲ့ အာရှနဲ့ အနောက်နိုင်ငံတွေကလည်း ပါဝင်ပတ်သက် နေကြတာပါ။ မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးမှာ အရှေ့နဲ့အနောက် ချဉ်းကပ်ပုံ ဘာတွေများ ခြားနားနေပါသလဲ၊ ဘယ်သူ့အကူအညီက ပိုပြီး အကျိုးများနိုင်ပါသလဲ၊ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG