သမ္မတဦးထင်ကျော်ရဲ့ မကြာသေးခင်က တရုတ်နိုင်ငံ ခရီးစဉ်အတွင်း၊ ကချင်ပြည်နယ်က ဆိုင်းငံ့ထားတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်လို့ မျှော်လင့်ထားသလို အဖြေတစုံတရာတော့ မထွက်ခဲ့ပါဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းကြား ထိခိုက်မယ့်အရေး စိုးရိမ်မှုတွေကြောင့် ဆန့်ကျင်မှုတွေ အကြီးအကျယ် ကြုံခဲ့ရတဲ့ စီမံကိန်းရှေ့အနာဂတ် ဘယ်လို ရှိလာနိုင်သလဲ၊ ၂ နိုင်ငံ တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လို အပေးအယူမျိုးတွေနဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာသင့်သလဲ ဆိုတာကို ဗွီအိုအေရဲ့ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။