စက်တင်ဘာ ၂၃၊ ၂၀၁၇ - မြန်မာနိုင်ငံမှာ မတူညီတဲ့ လူမှုအသိုက်အ၀န်းကြား သည်းမခံနိုင်မှုတွေ၊ ရန်လိုမုန်းတီးမှုတွေကြောင့် ပြဿနာတွေ မကြာခဏ ကြုံနေရပါတယ်။
မတူကွဲပြားမှုတွေကို သည်းမခံနိုင်ရတာဟာ ဘာကြောင့်များပါလဲ၊ လူမှုအသိုက်အ၀န်းကြား မတူကွဲပြားမှုတွေ ရှိနေပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေနိုင်အောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ လူငယ်နဲ့ လူမှုသဟဇာတ ဖော်ဆောင်ရေးစင်တာက ကိုသက်ဆွေဝင်း၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး တို့နဲ့အတူ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။