ဇွန်လ ၁၊ ၂၀၁၉ - တိုက်ပွဲတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ ပြဿနာတွေဟာ ရှင်းနေတဲ့ ကြားကပဲ ပိုမိုရှုတ်ထွေး လာနေပါတယ်။
အခုဆိုရင် စစ်ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံနေရတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ နိုင်ငံတကာက ဝေဖန်မှုတွေ၊ ဖိအားတွေလည်း တကျော့ပြန် ထွက်ပေါ်လာနေပါတယ်။
ပြဿနာကို ဖြေရှင်းနေပါတယ်ဆိုပေမဲ့လည်း ပိုပြီးတော့သာ ကြီးထွားလာနေတာဟာ အနာနဲ့ဆေး မတွေ့လို့လား၊ ဆေးနည်းမတွေ့တာလား၊ ကုစားဖို့ မကြိုးစားကြတာလား၊ ဘာတွေအားနည်းချက် ရှိနေသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။