သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook ကြောင့် ကြုံရနိုင်တဲ့ အန္တရာယ် ဘယ်လိုကာကွယ်မလဲ


နိုဝင်ဘာ ၁၀၊ ၂၀၁၈ - မြန်မာနိုင်ငံက လူမှုကွန်ယက်တွေပေါ်မှာ သဘောထားကွဲစရာတွေ၊ အမုန်းစကားတွေ ပျံ့နှံ့နေတာတွေကို Facebook က ဟန့်တားရာမှာ အားနည်းချက်တွေ ရှိနေတဲ့အကြောင်း အမေရိကန် အခြေစိုက် Business for Social Responsibility (BSR) က ဒီတပတ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာက သတိပေးပါတယ်။

အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲလို မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အချိန်ကာလမျိုးမှာ အမုန်းစကားတွေ၊ ခြိမ်းခြောက်မှုတွေ၊ မမှန်သတင်းတွေ၊ အကြမ်းဖက်အောင် သွေးထိုးလှုံ့ဆော်မှုတွေ အပါအဝင် နိုင်ငံရေး လုပ်ငန်းစဉ်အပေါ် အနှောက်အယှယ် ပေးတဲ့ ကိစ္စတွေမှာ Facebook ကို အသုံးချလာနိုင်တယ်ဆိုပြီး သတိပေးထားတာပါ။

မြန်မာနိုင်ငံက အွန်လိုင်းသုံးသူတွေ အဓိက အားထားနေကြတဲ့ Facebook မှာ မသင့်မြတ်မှုတွေနဲ့ အမုန်းစကားတွေ မပျံ့ပွားအောင် ဘယ်လိုရှောင်ရှားနိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

Facebook ကြောင့် ကြုံရနိုင်တဲ့ အန္တရာယ် ဘယ်လိုကာကွယ်မလဲ
please wait

No media source currently available

0:00 0:25:37 0:00
တိုက်ရိုက် လင့်ခ်




XS
SM
MD
LG