သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်တီယန်နန်မင်နဲ့ မြန်မာရှစ်လေးလုံး သင်ခန်းစာ


ဇွန်လ ၈၊ ၂၀၁၉ - မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အုံကြွမှု ပေါ်ပေါက်ခဲ့ပြီး နောက်တနှစ်မှာပဲ ကြုံခဲ့ရတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က တီယန်နန်မင် အရေးအခင်းဟာ ဒီသီတင်းပတ်ထဲမှာပဲ နှစ် ၃၀ ပြည့်သွားပါပြီ။

ဒီမိုကရေစီ လွတ်လပ်ခွင့်တွေအတွက် ကျောင်းသား၊ လူငယ်တွေ ဦးဆောင် လှုပ်ရှားခဲ့ကြတဲ့ အုံကြွမှု ၂ ခုစလုံးကိုတော့ အာဏာပိုင်တွေက ဖြိုခွဲခဲ့ကြပါတယ်။ ဒီလိုတူညီမှုတွေရော၊ ကွဲပြားမှုတွေပါ ကြုံခဲ့ရတဲ့ လှုပ်ရှားမှု ၂ ခုကနေ တက်ကြွလှုပ်ရှားသူတွေရော၊ အာဏာပိုင်တွေဖက်ကပါ သင်ခန်းစာယူစရာ ဘာတွေများ ကျန်ရစ်ခဲ့ပါသလဲ၊ ဒီလှုပ်ရှားမှုတွေဟာ အချည်းအနှီး ဖြစ်ခဲ့တယ်လို့ ဆိုနိုင်သလား၊ ဒါမှမဟုတ် အပြောင်းအလဲတွေအတွက် တစုံတရာ တွန်းအားတွေ ဖြစ်ခဲ့သလား ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG