သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဆင်းရဲ၊ ချမ်းသာကွာဟမှုကို ဘယ်လိုရှင်းကြမလဲ


အောက်တိုဘာ ၁၃၊ ၂၀၁၈ - ကမ္ဘာတဝန်း ဆင်းရဲ၊ ချမ်းသာ ကွာဟမှု လျှော့ချရေး အစိုးရတွေက ကတိပေးထားတဲ့အတိုင်း ကြိုးပမ်းရာမှာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၅၇ နိုင်ငံအနက် မြန်မာနိုင်ငံဟာ အဆင့် ၁၃၈ မှာ ရှိနေတဲ့အကြောင်း၊ နိုင်ငံတကာ ပရဟိတ အဖွဲ့တခုဖြစ်တဲ့ Oxfam ရဲ့ မကြာခင်က ထုတ်ပြန်လိုက်တဲ့ အညွန်းကိန်းမှာ ဖော်ပြထားပါတယ်။

ဆင်းရဲ၊ ချမ်းသာ ကွာဟမှုမှာ အဓိကကျတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် သုံးစွဲမှု၊ အခွန်စနစ်နဲ့ အလုပ်သမား အခွင့်အရေးတွေမှာ အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို တိုင်းတာစစ်ဆေးထားတဲ့ အညွှန်းကိန်းမှာ မြန်မာနိုင်ငံ နောက်တန်း ရောက်နေရတာ ဘယ်လိုအကြောင်းရင်းတွေ ရှိနေပါသလဲ၊ မြန်မာနိုင်ငံရဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG