သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် ဘာကြောင့်ကျဆင်းရသလဲ


ဧပြီလ ၂၈၊ ၂၀၁၈ - မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ပြီးခဲ့တဲ့နှစ်ထဲ ကျဆင်းခဲ့ကြောင်း နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် စောင့်ကြည့်အကဲခတ်နေတဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ ဒီသီတင်းပတ်ထဲ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာက ဖော်ပြပါတယ်။

RSF ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အညွန်းကိန်းမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အဆင့်အတန်းဟာ မနှစ်ကထက် ၆ ဆင့် နိမ့်ပြီး နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၇ ကို ရောက်သွားတယ်လို့ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းလာရတာ ဘာကြောင့်များပါလဲ၊ တိုးတက်လာအောင် ဘာတွေလုပ်ဖို့ လိုနေပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG