ဧပြီလ ၇၊ ၂၀၁၈ - ဧပြီလ ၇၊ ၂၀၁၈ - ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ တာဝန်သိစွာ ရပ်တည်နိုင်ဖို့ အရေးကြီးတာကို နားလည်အသိအမှတ်ပြုကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသက်တမ်း ၂ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ တချိန်တည်းမှာပဲ တိုင်းပြည်အခြေအနေ လိုအပ်ချက်တွေနဲ့အညီ လျှောက်လှမ်းရင်း နိုင်ငံတကာ သဘောထားအမြင်တွေကိုလည်း အလေးပေး ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့တာပါ။
ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေရဆဲ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ ဘယ်လောက် အရေးကြီးပါသလဲ၊ ဆက်ဆံရေး ပြေလည်အောင် ဘာတွေလုပ်ဖို့ လိုမလဲ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။