သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်္ဂါည တိုက်ရိုက်လေလှိုင် အစီအစဉ်


မြန်မာနိုင်ငံဟာ ဥတုရာသီ ဖောက်ပြန်မှုတွေကို နှစ်စဉ် နှစ်တိုင်း ဆိုးရွားစွာ ခံနေရပါတယ်။ အခုနှစ် မိုးတွင်းကာလမှာလဲ ပြည်နယ် တိုင်း ဒေသကြီး တော်တော်များများမှာ မိုးသည်း ရေကြီးမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့အတွက် ပြည်သူ အများအပြား အတိ ဒုက္ခရောက်နေကြရသလို ကောက်ပဲသီးနှံတွေလည်း အများအပြား ပျက်ဆီးနေပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကို တိုက်ရိုက် အကျိုး သက်ရောက်စေတဲ့ သစ်တောပြုန်းတီးမှုကို ဘယ်လိုဟန့်တားကြမလဲဆိုတဲ့ သောတရှင်တွေရဲ့ အမြင်တွေကို အခုလာမယ့် အင်္ဂါည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေးလိုသူတွေ ကျနော်တို့ထံကို ကြိုတင် ဆက်သွယ်နိုင်ကြပါတယ်။ ကျနော်တို့ရဲ့ ရုံးဖုန်းနံပတ် +1-202-382-5554 ဖြစ်ပါတယ်။ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကို အီးမေးလ်ကနေ ပေးပို့လိုတယ်ဆိုရင်တော့ ကျနော်တို့ရဲ့ အီးမေးလ်လိပ်စာက Burmese@voanews.com ဖြစ်ပါတယ်။ VOA မြန်မာပိုင်းရဲ့ Facebook စာမျက်နှာကနေလည်း ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကို ရေးသား ပေးပို့လို့ ရနိုင်ပါတယ်။ ပါဝင်ဆွေးနွေးကြဖို့ အားလုံးကို ဖိတ်ခေါ်အပ်ပါတယ်။

XS
SM
MD
LG