သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်


မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး တို့လို ကူးစက်ရောဂါတွေကြောင့် လူအသေအပျောက် ဖြစ်ရတာ၊ စီးပွားရေး လုပ်ငန်းတွေမှာ ထိခိုက်တာမျိုးတွေ ကြုံရလေ့ရှိပါတယ်။ ဒီလိုကူးစက်ရောဂါမျိုးတွေ ကြုံရတဲ့အခါ မြန်မာနိုင်ငံမှာ ကာကွယ်နိုင်တဲ့ အစီအမံတွေ အလုံအလောက် ရှိနေပါပြီလား၊ မြန်မာနိုင်ငံရဲ့ လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ဘာတွေ လိုအပ်နေပါသလဲ ဆိုတာကို ဗွီအိုအေရဲ့ ဇူလိုင်လ ၂၉ ရက်၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေးလိုသူတွေ၊ အနေနဲ့၊ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ ဖေ့စ်ဘွခ် စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

XS
SM
MD
LG