သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်


မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက် စီးပွားရေး စီမံခန့်ခွဲမှုဟာ ထင်သလောက် တိုးတက်မှု မရှိဘူးလို့ လုပ်ငန်းရှင် တချို့ရဲ့ သဘောထားတွေကို အခြေခံပြုစုထားတဲ့ မကြာသေးခင်တုန်းက စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ တနှစ်ခွဲကျော် သက်တမ်းရှိပြီဖြစ်တဲ့ အရပ်သားအစိုးရလက်ထက် စီးပွားရေး စီမံခန့်ခွဲမှုတွေမှာ အားရစရာ၊ အားမရစရာ ဘာတွေ ရှိနေပါသလဲ၊ လူထုကြားမှာရော စီးပွားရေးအရ သိသိသာသာ အပြောင်းအလဲတွေ တွေ့မြင်နေရပါပြီလား ဆိုတာကို ဗွီအိုအေရဲ့ နိုဝင်ဘာ ၄၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေး လိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

XS
SM
MD
LG