သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်


မြန်မာနိုင်ငံမှာ အင်တာနက် လူမှုကွန်ယက် အသုံးပြုနေတာတွေကို စောင့်ကြည့်စိစစ်ဖို့ ပြင်ဆင်နေချိန်မှာပဲ၊ မြန်မာနိုင်ငံရဲ့ အင်တာနက် လွတ်လပ်ခွင့် အဆင့်အတန်းဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် အဆင့်နိမ့်ကျသွားတဲ့အကြောင်း ကမ္ဘာတဝန်း လွတ်လပ်ခွင့်တွေကို စောင့်ကြည့်နေတဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက်တွေ အသုံးများလာတဲ့ တချိန်တည်းမှာပဲ၊ အွန်လိုင်းပေါ်က ဖော်ပြချက်တွေကို ထိန်းချုပ်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဗွီအိုအေရဲ့ နိုဝင်ဘာ ၁၈၊ စနေနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

မြန်မာနိုင်ငံက လူမှုကွန်ယက်တွေဟာ ထိန်းကြောင်းပေးဖို့ လိုအပ်နေပြီလား၊ အွန်လိုင်းသုံးသူတွေရဲ့ အခွင့်အရေးကို ဦးစားပေးသင့်သလား သောတရှင်တွေရဲ့ အမြင်တွေကိုလည်း ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ပါဝင်ဆွေးနွေး လိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

XS
SM
MD
LG