သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်


ရခိုင်ပြည်နယ် အရေးကြောင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ဖိအားတွေ တိုးလာနေချိန်မှာပဲ မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်ပြည်က ပြန်ရောက်လာလာချင်းဆိုသလိုပဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ညီလာခံကိုတက်ဖို့ ဘေဂျင်းမြို့တော်ကို သွားမယ့်အကြောင်း ကြေညာခဲ့တာပါ။ ရခိုင်အရေးကြောင့် မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်နေပြီလဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အရှေ့နဲ့အနောက် ဘယ်သူက ပိုအရေးကြီးလာနေပြီလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ ဒီဇင်ဘာ ၂၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေး လိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

XS
SM
MD
LG