မြန်မာနိုင်ငံမှာ ငြိမ်းစုစီလို့ လူသိများတဲ့ စုဝေးဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ ပြဌာန်းထားတဲ့ ဥပဒေကို လွှတ်တော်က ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။ ဆန္ဒပြပွဲတွေအတွက် သွေးဆောင်စည်းရုံးတာတွေကို ရှောင်ရှားနိုင်ဖို့၊ နိုင်ငံသားတွေ ကိုယ်ကျင့်တရားနဲ့အညီ ဆန္ဒထုတ်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး၊ ဆန္ဒပြပွဲအတွက် ကုန်ကျစရိတ်နဲ့ ကျခံမယ့်သူရဲ့ အချက်အလက်ကို တင်ပြဖို့ ထပ်မံဖြည့်စွက် ပြင်ဆင်ဖို့ ရည်ရွယ်ထားပေမဲ့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အပေါ် ကန့်သတ်မှုတွေ တိုးလာမယ့် ခြေလှမ်းတရပ်အဖြစ် မြင်သူတွေလည်း ရှိနေပါတယ်။
ငြိမ်းစုစီ ဥပဒေ ပြင်သင့်-မသင့်၊ ဖြည့်စွက်ပြင်ဆင်ခြင်းအားဖြင့် အဆိုးအကောင်း ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲ ဆိုတာတွေကိုတော့ ဗွီအိုအေရဲ့ ဖေဖော်ဝါရီ ၂၄၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
ပါဝင်ဆွေးနွေး လိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။