သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်


မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အပါအဝင် အမျိုးသမီးတွေအပေါ် အနိုင်ကျင့်ခံရတဲ့ သတင်းတွေ မကြာခဏ ကြားရလေ့ရှိတတ်တဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အခွင့်အရေးနဲ့ လုံခြုံမှု ဘယ်အခြေအနေမှာ ရှိနေပါသလဲ၊ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ ဆိုတာတွေကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထူးအစီအစဉ်အဖြစ် ဗွီအိုအေရဲ့ မတ်လ ၉၊ ၂၀၁၉ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

XS
SM
MD
LG