သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်


မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အုံကြွမှု ပေါ်ပေါက်ခဲ့ပြီး နောက်တနှစ်မှာပဲ ကြုံခဲ့ရတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က တီယန်နန်မင် အရေးအခင်းဟာ ဒီသီတင်းပတ်ထဲမှာပဲ နှစ် ၃၀ ပြည့်သွားပါပြီ။

ဒီမိုကရေစီ လွတ်လပ်ခွင့်တွေအတွက် ကျောင်းသား၊ လူငယ်တွေ ဦးဆောင် လှုပ်ရှားခဲ့ကြတဲ့ အုံကြွမှု ၂ ခုစလုံးကိုတော့ အာဏာပိုင်တွေက ဖြိုခွဲခဲ့ကြပါတယ်။ ဒီလိုတူညီမှုတွေရော၊ ကွဲပြားမှုတွေပါ ကြုံခဲ့ရတဲ့ လှုပ်ရှားမှု ၂ ခုကနေ တက်ကြွလှုပ်ရှားသူတွေရော၊ အာဏာပိုင်တွေဖက်ကပါ သင်ခန်းစာယူစရာ ဘာတွေများ ကျန်ရစ်ခဲ့ပါသလဲ၊ ဒီလှုပ်ရှားမှုတွေဟာ အချည်းအနှီးဖြစ်ခဲ့တယ်လို့ ဆိုနိုင်သလား၊ ဒါမှမဟုတ် အပြောင်းအလဲတွေအတွက် တစုံတရာ တွန်းအားတွေ ဖြစ်ခဲ့သလား ဆိုတာတွေကို ဗွီအိုအေရဲ့ ဇွန်လ ၈၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

XS
SM
MD
LG