သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း




[Unicode Version]
စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်
ရခိုင်ပြည်နယ်က ဖြစ်ခဲ့တဲ့ ပြဿနာတွေအတွက် ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက ဒီတပတ်ထဲမှာပဲ တရားစွဲလိုက်တဲ့အပေါ် နိုင်ငံတော်တော်များများကပါ အားပေးခဲ့ကြပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးနိမ့်လာ နေပါပြီလား၊ နိုင်ငံတကာ ဖိအားတွေက သံတမန်ဆက်ဆံရေးမှာ နောက်ဆက်တွဲ ဘယ်လို အကျိုးဆက်တွေ ကြုံရနိုင်ပါသလဲ၊ ဆိုတာတွေကို ဗွီအိုအေရဲ့ နိုဝင်ဘာ ၁၆၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

XS
SM
MD
LG