သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်


တရုတ်သမ္မတ Xi Jinping မကြာခင် မြန်မာနိုင်ငံကို လာမယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ သတင်းထွက်နေတဲ့ အတိုင်းသာ ဖြစ်လာမယ် ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ်တာဝန် ယူချိန်ကစလို့ မြန်မာနိုင်ငံကို ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် ထူးခြားလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။

ကမ္ဘာမှာ တနေ့တခြား သြဇာအရှိန်အဝါ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကျိုးအမြတ်တွေ မျှော်လင့်နိုင်ပါသလဲ၊ ဆက်ဆံရေးမှာ သတိထားစရာရော ဘာတွေများ ရှိမလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ ဇန်နဝါရီလ ၁၁၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

[Unicode Version]



XS
SM
MD
LG