သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်


နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ အပါအဝင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ့် ဥပဒေမူကြမ်း ဒီသီတင်းပတ်ထဲမှာပဲ ထွက်ပေါ်လာပါတယ်။

အငြင်းပွားစရာ ဖြစ်နေရတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်ကြိုးပမ်းနေတာတွေဟာ ဘယ်လောက်အထိ အောင်မြင်နိုင်ပါသလဲ၊ ဘယ်လို စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံရနိုင်ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ ဖေဖော်ဝါရီ ၁၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။

ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

[Unicode Version]



XS
SM
MD
LG