ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ အရင်က မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါလာသလို၊ တချို့ကတော့ တက်ဖို့ငြင်းဆန် ထားကြပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုံစုံညီညီ ပါဝင်တက်ရောက်နိုင်ရေးမှာ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ၊ ဒီတကြိမ် ညီလာခံကနေ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာတွေမျှော်လင့်နိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ပြ ထားပါတယ်။