သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုပြင်နိုင်မလဲ


ဖေဖော်ဝါရီ ၉၊ ၂၀၁၉ - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းဖို့ လွှတ်တော်က အတည်ပြုပြီး ဖွဲ့စည်းဖို့လည်း စဆွေးနွေးနေကြပါပြီ။

ဒါပေမဲ့လည်း အစောပိုင်းမှာ ပြင်ဆင်ရေး အဆိုတင်တုန်းက တပ်မတော်သား ကိုယ်စားလှယ်တွေက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အခြေခံဥပဒေ ပြင်ဆင်ရေးကို ဘယ်တုန်းကမှ မကန့်ကွက်ဖူးပါဘူး၊ ပြင်သင့်တာကို စနစ်တကျ ပြင်ဖို့ပဲ လိုတယ်လို့ ပြောတာရှိပါတယ်။

စတင်ရေးဆွဲ အတည်ပြုချိန်ကစလို့ အငြင်းပွားစရာတွေ ကြုံခဲ့ရတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လက်တွေ့ ဖြစ်နိုင်ချေ အလားအလာ ဘယ်လောက်များ ရှိပါသလဲ၊ ဘယ်အပိုင်းတွေကို ဘယ်လိုပုံစံနဲ့ ပြင်နိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လိုပြင်နိုင်မလဲ
please wait

No media source currently available

0:00 0:26:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG