မေလ ၁၁၊ ၂၀၁၉ - ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ ဒေသခံတွေ အိုးပစ်အိမ်ပစ် ပြေးရလွှားရ၊ ဖမ်းဆီးခံရ၊ သေကြေရတဲ့ အဖြစ်တွေ ကြုံနေရပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားတွေ မြေဇာပင် ဖြစ်နေရတာ ဘာ့ကြောင့်လဲ၊ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ၊ ဖမ်းဆီးမှုတွေ ထိခိုက်သေကျေမှုတွေကို ရှောင်ရှားနိုင်ဖို့နဲ့ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှု ရနိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ၊ ဘာတွေလုပ်နိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။