အောက်တိုဘာ ၇၊ ၂၀၁၇ - ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာနိုင်ငံဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာ မျက်နှာပျက်စရာတွေ ကြုံနေရပါတယ်။
ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် ဘယ်နိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြီး၊ ဘယ်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ နီးကပ်လာနိုင်သလဲ၊ နိုင်ငံတကာ မျက်နှာစာမှာ ရေရှည်အကျိုးဆက်တွေရော ဘာတွေ ကြုံရနိုင်သလဲ ဆိုတာကို ဗွီအိုအေ မြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။