သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဝန်ကြီးချုပ်ရဲ့ သင့်မြတ်ရေးခြေလှမ်း မှန်းချက်နဲ့ကိုက်-မကိုက်


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း - ရန်ကုန်တိုင်း အစိုးရရုံး ( အောက်တိုဘာလ ၂၉၊ ၂၀၁၈)

ဇန်န၀ါရီ ၅၊ ၂၀၁၉ - စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းကို မကြာသေးခင်တုန်းက သက်ကြီးစာပေ ပညာရှင်တွေကို ကန်တော့တဲ့ အခန်းအနားမှာ အရိုအသေပေး ဆက်ဆံခဲ့တဲ့အတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်အပေါ် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး လိုအပ်နေတဲ့ မြန်မာနိုင်ငံမှာ၊ တချိန်က ဖိနှိပ်သူနဲ့ ဖိနှိပ်ခံကြား သင်ပုန်းချေဖို့၊ အဃာတမထားဖို့ လိုတယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေကြတာပါ။

တချိန်က ဖိနှိပ်သူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှု တည်ဆောက်ရေးမှာ အထောက်အကူ ဖြစ်နိုင်ပါသလား၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေး ဘာတွေ လိုအပ်နေပါသလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG