ဇူလိုင် ၂၈၊ ၂၀၁၈ - ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမယ့် အစီအစဉ်အတွက် အချေအတင် ဖြစ်စရာတွေ ကြုံခဲ့ရပြီးနောက် လိုအပ်ရင် စစ်တပ်နဲ့ ဖြေရှင်းဖို့ ပြည်နယ်ဝန်ကြီးချုပ်က သတိပေးလိုက်တဲ့အတွက် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေလည်း တကျော့ပြန်ပေါ်လာပါတယ်။
မြန်မာ့နိုင်ငံရေးမှာ နှစ်ပေါင်းများစွာ စစ်တပ်က နေရာယူထားတာဟာ၊ နိုင်ငံရေး အခြေအနေအရ လိုအပ်ချက်ကြောင့်လား၊ စစ်ခေါင်းဆောင်တွေရဲ့ အာဏာမက်မောမှု သက်သက်ကြောင့်လား၊ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့်လား၊ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ ဆက်ရှိဖို့ လိုအပ်နေပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။