မြန်မာနိုင်ငံမှာ နှစ်ရှည် အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရဟာ အစိုးရသစ်ဖွဲ့ပြီးရင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေလက်ထဲကို လွဲပြောင်းပေးတော့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် လူထု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လက်ရှိ လွှတ်တော်အတွင်းမှာ ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်လို့တောင် ဆွေးနွေးခွင့်မရှိတော့ စစ်တပ်က လွဲပေးမယ်ဆိုတဲ့ နိုင်ငံတော်အာဏာဟာ ပြည်သူတွေလက်ထဲကို ဘယ်လိုပုံစံနဲ့ ရောက်လာမလဲ၊ ဘယ်လောက်များရောက်လာမလဲဆိုတာကို မြန်မာနိုင်ငံရှေ့နေများကောင်စီက ဦးသိန်းဦး၊ မြန်မာ့သတင်းသမဂ္ဂက အတွင်းရေးမှူး ဦးစံမိုးဝေတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးထားပါတယ်။