ဝေဖန် ရှုတ်ချသံ၊ ကြိုဆိုသံတွေကြားထဲက မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆိုတာ တရားဝင် ပေါ်ထွက်လာခဲ့ပါပြီ။ အခုတက်လာတဲ့ အစိုးရသစ် အပေါ် ပြည်သူလူထုအနေနဲ့ ဘယ်လို မျှော်လင့်ချက်တွေ ထားနိုင်ကြပါသလဲ။ နိုင်ငံရေးပြေလည်မှုများ ရရှိလာလေမလား၊ ဖွံ့ဖြိုး တိုးတက်လာလေမလား၊ ဒါမှမဟုတ် ဘယ်လို ရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲဆိုတာ ပြည်တွင်း သတင်းအယ်ဒီတာ ဦးဇော်ဇော်၊ ဗဟုဖွံ့ဖြိုးမှုအဖွဲ့ဝင်လည်းဖြစ်၊ ဗီအိုအေ ၀ိုင်းတော်သားလည်းဖြစ်တဲ့ ဦးတင်မောင်သန်းတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးထားပါတယ်။