မြန်မာစစ်အရာရှိကြီး တဦးရဲ့သမီးကို ပြည်ပနိုင်ငံကြီးတခုက ပြန်လည် မောင်းထုတ်မယ်ဆိုတဲ့ သတင်းတရပ်နဲ့ ပတ်သက်ပြီး အဖေက ဗိုလ်ချုပ်ဖြစ်နေတဲ့အတွက် ပညာသင်နေသူ သားသမီးကို ဒဏ်ခတ်သင့်သလားဆိုပြီး ဘ၀င်မကျတဲ့သူတချို့ ရှိနေတာကြောင့် ဒီကိစ္စကို သောတရှင်တွေ ဘယ်လို သဘောရသလဲဆိုတာ ဆွေးနွေးရအောင် သြစတေးလျအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူ ဒေါက်တာမြင့်ချို၊ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာကလေးငယ်တွေကို စာသင်ပေးနေသူ ဆရာသိန်းဝင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ စာသင်နေသူ ကိုအောင်သူငြိမ်းတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။