သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်ပြည့် ဆွေးနွေးခန်း


၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၃ နှစ်ပြည့်ခဲ့ပါပြီ။ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေရဲ့ တောင်းဆိုချက်တွေ၊ ဆန္ဒတွေ မပြည့်ဝခင်မှာပဲ
အကြမ်းဖက် ဖြိုခွင်းခံရပြီး လှုပ်ရှားမှုအရှိန်လည်း တန့်သွားခဲ့ပါတယ်။ အလားတူပဲ အရင် မြန်မာနိုင်ငံအတွင်းက လူထု လှုပ်ရှားမှုတွေဟာလည်း
အာဏာပိုင်တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ ခံခဲ့ကြရပြီး လှုပ်ရှားမှုအရှိန် ကျိုးသွားခဲ့ပါတယ်။ အဲဒီလို ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ လိုရင်းဆန္ဒ မပြည့်ခင်မှာ လှုပ်ရှားမှုအရှိန် ကျသွားခဲ့တာတွေနဲ့ ပတ်သက်လို့ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် အချိန်မှာ ဆွေးနွေးဖို့ အတွက် ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော် အရှင်ပညာဇောတ၊ မြန်မာနိုင်ငံအတွင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသက ကိုဇာနည်တို့ကို သောတရှင်တွေနဲ့ ကိုသားညွန့်ဦးက တွေ့ဆုံပေးထားပါတယ်။

XS
SM
MD
LG