လာမယ့် နိုဝင်ဘာ (၇) နေ့ ရွေးကောက်ပွဲအတွက် ကြိုတင် မဲဆွယ် စည်းရုံးမှုတွေ စတင်နေပါပြီ။ ဒီ အကြို မဲဆွယ် စည်းရုံးတဲ့ ကာလတွေအတွင်းမှာ နိုင်ငံရေးပါတီတွေကြားမှာ တချို့နိုင်ငံရေးပါတီတွေက ငွေကြေးနဲ့ အာဏာကို အလွန်အကျွန် အသုံးပြု မဲဆွယ်နေတယ် ဆိုတဲ့ စောဒက တက်သံတွေလည်း ထွက်နေပါတယ်။ ဒီ နိုင်ငံရေးပါတီတွေအကြား မတူညီကြတဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးဖို့ အတွက် လမ်းပြကြယ် လူ့အခွင့်အရေးအဖွဲ့က ရှေ့နေကြီး ဦးအေးမြင့်၊ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေသူ ဦးဇော်မင်းတို့နဲ့ ကိုသားညွန့်ဦးက သောတရှင်တွေကို တွေ့ဆုံပေးထားပါတယ်။