မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုန်း သတ်ဖြတ်မှုတွေဟာ ဘာကြောင့် ပေါ်ပေါက်လာရပါသလဲ။ လူ့အဖွဲ့အစည်းကို ဘယ်လို အကျိုး ရိုက်ခတ်မှုမျိုး ဖြစ်ပေါ်စေနိုင်ပါသလဲ။ ဒီလိုဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ရေလေအောင် ဘယ်လို တားဆီးနိုင်မလဲ ဆိုတာတွေကို ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဥက္ကဌလည်းဖြစ်၊ စစ်တွေမြို့နယ်ကိုယ်စားပြု အမျိုးသား လွှတ်တော်အမတ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေး တင်ပြထားပါတယ်။