သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှု ရှိမရှိ


မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဆုံးနိုင်ငံ တနိုင်ငံအဖြစ်နဲ့ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုကို ခံနေရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်နဲ့ချီ ရှိနေတဲ့ကိစ္စ၊ အတိုက်အခံ အင်အားစုတွေကို နှိပ်ကွပ်တာတွေ ရှိပါသလို ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ကြတာတွေကို ပြင်းပြင်းထန်ထန်ကို ရိုက်နှက် ဖမ်းဆီး၊ ညှဉ်းပန်း နှိပ်စက်တဲ့နိုင်ငံပါ။ ဒါကြောင့် အခုလာမယ့် နိုဝင်ဘာ (၇) ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာနိုင်မလားဆိုတာ ဆွေးနွေးဖို့အတွက် ရန်ကုန်မြို့က အကျိုးဆောင်ရှေ့နေကြီး ဦးအောင်သိန်း၊ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်တို့နဲ့ သောတရှင်တွေကို ကိုသားညွန့်ဦးက တွေ့ဆုံပေးထားပါတယ်။

XS
SM
MD
LG