မြန်မာနိုင်ငံမှာ အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားတချို့ကို လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်နဲ့ လွတ်ပေးနေတာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမှန်တကယ် ဦးတည်စေတဲ့ သဘောလား။ ဒါမှမဟုတ် နအဖ၊ နဝတ ခေတ်တုန်းက လုပ်နေကျအတိုင်း နိုင်ငံတကာမှာ မျက်နှာပန်းလှရုံလောက်ဘဲ ရည်ရွယ်ပြီး လုပ်နေတာလား ဆိုတာတွေကို ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်၊
မြန်မာနိုင်ငံအတွင်း NGO လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ ခင်ဇော်ဝင်း တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေး တင်ပြထားပါတယ်။