သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတဲ့ မြန်မာတွေကို ဖိတ်ခေါ်လိုက်ပြီးတဲ့နောက် ဒီမိုကရေစီရေး လှုပ်ရှားသူတချို့ ပြန်သွားကြတာ ရှိပါတယ်။ ဒီလို ပြန်သွားတဲ့ကိစ္စကို သောတရှင်တွေအနေနဲ့ ဝေဖန် ဆန့်ကျင်ကြပါသလား၊ တိုက်တွန်း အားပေးလိုကြပါသလား၊ ဒါမှမဟုတ် လျစ်လျူ ရှုထားလိုကြပါသလား ဆိုတာကို အလွတ်သတင်းထောက်လည်းဖြစ်၊ စာရေးဆရာ တဦးလည်းဖြစ်တဲ့ ဦးထက်အောင်ကျော်၊ မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်မော်ဇင်တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေး တင်ပြထားပါတယ်။