မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့ စရိုက် သဘာ၀ အစစ အရာရာ ကွဲလွဲနေတဲ့အတွက် သူတို့ဆီက ဒီမိုကရေစီ ပုံစံမျိုး မဖြစ်နိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က မြန်မာ သတင်းသမားတွေကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံအတွင်း ပြောသွားခဲ့ပါတယ်။ ဒီကိစ္စအပေါ် သောတရှင်တွေအနေနဲ့ ဘယ်လို သဘောရကြပါသလဲ ဆိုတာကို သမိုင်းပညာရှင် ဒေါက်တာအောင်ခင်၊ ဗဟုဖွံ့ဖြိုးမှုအဖွဲ့က ဒေါက်တာတင်မောင်သန်းတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးထားပါတယ်။