သုံးရလွယ်ကူစေသည့် Link များ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံတင်ပြီးသွားရင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ NLD အဖွဲ့ဝင်တွေ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရွေးကောက်ခံ NLD အမတ်တွေ လွှတ်တော်ကတဆင့် တိုင်းပြည်နဲ့ လူထုအတွက် ဘာတွေ ဆောင်ရွက် နိုင်ကြမလဲ ဆိုတာကို RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ခေါင်းဆောင်လည်းဖြစ်၊ အမျိုးသားလွှတ်တော် အမတ်လည်းဖြစ်တဲ့ ဒေါက်တာအေးမောင်၊ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာ တင့်ဆွေတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေး တင်ပြထားပါတယ်။

XS
SM
MD
LG