အခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ တချို့ကို တွေ့မြင်လာရပြီလို ဆိုရပါလိမ့်မယ်။ ဒါပေမယ့် လူမှုရေး၊ အုပ်ချုပ်ရေး နယ်ပယ်တွေမှာရော အလားတူ အပြောင်းအလဲတွေကို တွေ့ရပါရဲ့လား။ ဒီလို လူမှုရေး၊ အုပ်ချုပ်ရေးဖက်မှာ ပြောင်းလဲနိုင်ဖို့အတွက် ဘာတွေ လိုအပ်နေပါသလဲ၊ ဘာတွေ လုပ်သင့်ပါသလဲ၊ ဘယ်သူတွေ ဘာလုပ်သင့်သလဲ ဆိုတာကို NLD ပါတီက လူမှုအထောက်အကူပြု အဖွဲ့ဝင် ဦးစောနိုင်းနိုင်း၊ ဗဟု သုတေသနအဖွဲ့က ဦးအောင်သူငြိမ်းတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေး တင်ပြထားပါတယ်။