နိုဝင်ဘာလ ဒုတိယပတ် အတွက် ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ရဲ့ အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာတော့ လက်ရှိ အစိုးရရဲ့ လက်ကျန် သက်တမ်း ၄ လတာ ကာလအတွင်း ပြည်သူတွေ အတွက် အကောင်းဆုံးဘာတွေ လုပ်ဆောင်ပေးနိုင်ပါသလဲ။ ပြည်သူလူထုက ဘာတွေများ လုပ်ဆောင်ပေးစေလိုပါသလဲ ဆိုတာကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ ဒုတိယ ဥက္ကဌ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း၊ Triangle Women အဖွဲ့က ဒေါ်ခင်လေး ၊ ဗွီအိုအေ သောတရှင်တွေတို့နဲ့အတူ ဆွေးနွေးထားပါတယ်။ မသိင်္ဂီထိုက် စီစဉ်ပြီး ထုတ်လုပ်သူ မဆုမွန်နဲ့အတူ တင်ဆက်ထားပါတယ်။