အများ ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့ အစိုးရသစ် လက်ထက်မှာ အဂတိ လိုက်စားမှုတွေ၊ လက်သင့်ရာ စားတော်ခေါ် နီးစပ်ရာ အခွင့်အရေး ပေးနေမှုတွေ လျော့နည်းသွားပြီး ပြည်သူတွေကြား တန်းတူ အခွင့်အရေး ရရှိရေး မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း၊ လူ့အခွင့်အရေး လှုပ်ရှားသူ မခင်လေး တို့နဲ့ အတူ ဗွီအိုအေ သောတရှင်တွေ ပါဝင် ဆွေးနွေးထားပါတယ်။ ထုတ်လုပ်သူ ကိုအောင်အောင်နဲ့ အတူ မသိင်္ဂီထိုက် စီစဉ်တင်ဆက်ထားတဲ့ အင်္ဂါနေ့ ညချမ်း တိုက်ရိုက် လေလှိုင်း အစီအစဉ်ကို နားဆင်နိုင်ပါတယ်။