ဇွန်လ ၃၊ ၂၀၁၇၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေလို ပြဿနာ ကြီးကြီးမားမားနဲ့ ကြုံရတဲ့အခါ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ဖွဲ့စည်းပြီး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ ခပ်စိပ်စိပ် တွေ့လာနေရပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအပေါ် မကြာခဏဆိုသလို သံသယအမြင်တွေ၊ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ အများယုံကြည်ကိုးစားနိုင်မယ့် စုံစမ်းစစ်ဆေးမှုတွေဖြစ်ဖို့ ဘာတွေလိုအပ်နေသလဲ၊ အမှန်တရားကို ဖော်ထုတ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ပြထားပါတယ်။