မေလ ၅၊ ၂၀၁၈ - မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ပေါ်ပေါက်လာရာက ထောင်ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို တိုက်ပွဲတွေကြား ပိတ်မိနေတဲ့သူတွေလည်း ရှိနေတဲ့အတွက် ပြည်တွင်းပြည်ပက စိုးရိမ်သံတွေ ထွက်ပေါ်လာနေပါတယ်။
အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်နေတဲ့ စစ်ပွဲတွေ အဆုံးမသတ် နိုင်သေးတာ ဘာကြောင့်များပါလဲ၊ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်အောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာတွေကိုတော့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး ကဆွေးနွေးတင်ဆက် ထားပါတယ်။