တပ်မတော်ဟာ တိုင်းပြည်အန္တရာယ်ကျရောက်လာတိုင်း ထိန်းသိမ်း တာဝန်ယူခဲ့ရတာ မို့လို့ ခေတ်မှီ ဒီမိုကရေစီနိုင်ငံဖော်ဆောင်ရေး မှာလည်း နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဦးဆောင်ဖို့လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသွား ပါတယ်။ နိုင်ငံရေး မှာ တပ်မတော်က ဦးဆောင်ပါဝင်နေရင် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ပေါ်ထွန်းလာနိုင်လိမ့်မယ်လို့ ယူဆကြပါသလား ဆိုတာကို ဦးကျော်ဇံသာက စီစဉ်တင်ဆက်ပြီး ဒီမိုကရက်ပါတီ ခေါင်းဆောင်ဦးသုဝေ၊ စာရေးဆရာ ဂါမဏိတို့ကို ဖိတ်ခေါ်ပြီး သောတရှင်တွေနဲ့အတူ ဆွေးနွေးသုံးသပ်ထားပါတယ်။