ပညာရဲရင့် ပွဲလယ်တင့် တယ်ဆိုတဲ့ စကားအတိုင်း ပညာရေးဟာ ကိုယ့်ကိုယ်ကို ယုံကြည် အားထားမှု ဖြစ်စေတယ် လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ပါတယ်။ ဒါကြောင့် အနာဂတ် ဖန်တီးမယ့် လူငယ်တွေ မိမိကိုယ့်ကို ယုံကြည် အားကိုးမှုအတွက် ပညာရေးဟာ အရေးပါ နေပါတယ်။ ဒါကြောင့် မြန်မာလူငယ်တွေအတွက် အခုလို ပြုပြင်ပြောင်းလဲရေးကာလမှာ ပညာရေး အခွင့်အလမ်းတွေ ဘယ်လောက်အထိ ရှိလာပြီလဲ၊ ပညာရေးအပေါ် မြန်မာလူငယ်တွေရဲ့ ခံယူမှုကရော ဘယ်လိုရှိပါသလဲ။ ပညာရေးနဲ့ပတ်သက်လို့ မြန်မာလူငယ်တွေရဲ့ မျှော်လင့်ချက် အကြောင်းကိုတော့ ဒီသတင်းပတ် စနေ့တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ပညာရေးစနစ်ဆိုင်ရာ သုတေသီ ဒေါက်တာသိန်းလွင်၊ လူငယ် ဘလောဂါ နေဘုန်းလတ်၊ သတင်းစာနယ်ဇင်းသမား ကိုသာလွန်ဇောင်းထက်တို့က အဓိက ပါဝင်ဆွေးနွေး ဖြေကြားထားပါတယ်။