သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားမဲပေးပြီးအမှတ်အသား မိနစ်ပိုင်းအတွင်းပြန်ဖျက်နိုင်


အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ကမ္ဘောဒီးယား ရွေးကောက်ပွဲ စတင်ဖို့ ၂၄ နာရီတောင် မလိုတော့တဲ့အချိန်မှာ မဲပေးသူ နောက်ထပ်မပေးနိုင်အောင် အမှတ်အသားလုပ်တဲ့ မင်ဟာ မိနစ်ပိုင်းအတွင်း ဆေးကြောချေဖျက်နိုင်မယ့် မင် ဖြစ်နေတယ်လို့ ကြီးကြပ်သူတွေက သတိပေးပြောကြားလိုက်ပါတယ်။ ဒီ မင်ကို ဖျက်ပစ်ဖို့ ၄ မိနစ်ပဲ ကြာတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်မှု ကြားနေအဖွဲ့ Comfrel က ဗွီဒီယိုကနေ သရုပ်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်ထမ်းတွေဟာ တနင်္ဂနွေနေ့ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ အတွက် မဲရုံတွေကို အသင့်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ပြည်သူတချို့ ကတော့ သူတို့နံမည်တွေ မဲစာရင်းမှာ ပါမပါ လာရောက် စူးစမ်းနေကြ ပါတယ်။

ပေါ်ထွက် လာနိုင်တဲ့ ရွေးကောက်ပွဲ ရလဒ်အတွက် လွတ်လပ်တဲ့ သဘောထားစစ်တမ်းတွေ မရှိပေမဲ့ သုံးသပ်သူတွေကတော့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ပါတီပဲ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

မစ္စတာ ဟွန်ဆန်ကို ကမ္ဘောဒီးယားကို အုပ်ချုပ်လာခဲ့တာ နှစ်ပေါင်း ၃၀ နီးပါး ရှိခဲ့ပြီဖြစ်ပါတယ်။
XS
SM
MD
LG