သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား လူအုပ်ပိသေသူ ၄၅၀ ကျော်ပြီ


ကမ္ဘောဒီးယား လူအုပ်ပိသေသူ ၄၅၀ ကျော်ပြီ

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်အပြင်ဘက် ပြည်နယ်တွေဘက်က ထပ်ပြီးပေးပို့တဲ့ သေဆုံးစာရင်းတွေအရ မကြာသေးခင်က ကမ္ဘောဒီးယားမြို့တော် တခုရဲ့ ပွဲတော်ကျင်းပရာ တံတားပေါ်မှာ လူအုပ်ပိ သေဆုံးတဲ့ ဦးရေဟာ ၄၅၆ ဦးအထိ တိုးလာပြီလို့ သိရပါတယ်။

ပြည်နယ်တွေက ထပ်ပြီးပို့တဲ့ စာရင်းတွေအရ မူလသေဆုံးသူဦးရေ ၃၅၀ ကနေ အခုထိ ထပ်ပြီး တိုးခဲ့ရတာ ဖြစ်ပါတယ်လို့ လူမှုဝန်ထမ်းဝန်ကြီး အစ်စမ်ဟန်းက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မတော်တဆမှုကြီး အပြီးမှာ တချို့လူနာတွေကို အိမ်ကိုပြန်သယ်ပြီး အိမ်မှာသေဆုံးကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒီလူအုပ်ပြိုမှုကို စစ်ဆေးရတဲ့ အစိုးရအဖွဲ့ရဲ့ ဗုဒ္ဓဟူးနေ့ အစောပိုင်း သုံးသပ်ချက်အရ လူအုပ်ကြီးကြောင့် တံတား ယိုင်လာရာကနေ အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ပြီး တွန်းထိုး ထွက်ပြေးကြတဲ့အတွက် ဒီလို ၀မ်းနည်းဖွယ် သေဆုံးမှု ဖြစ်ပွားခဲ့ရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG