သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က ကမ္ဘောဒီးယားကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်


 အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet

{{Zawgyi/Unicode}}

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာအပါအဝင် တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေကြောင့် အမေရိကန် အရပ်ဘက်-စစ်ဘက် ၂ မျိုးသုံး ပစ္စည်းတွေအပါအဝင် လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင် ကန့်သတ်လိုက်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံခြားရေးဌာနအဆင့်မြင့် အရာရှိတဦး မြန်မာနိုင်ငံ အရေးအပါအဝင် တခြားကိစ္စရပ်တွေကို ဆွေးနွေးဖို့ အာရှတိုက် ကို မသွားရောက်ခင် ရက်ပိုင်းအလိုမှာ အခုလို ဒဏ်ခတ် အရေးယူမှုကို ချမှတ်လိုက် တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေကို လျှော့ချရေး၊ မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စတွေကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖိအားပေး ပြောဆိုဖို့ ကမ္ဘောဒီးယားနဲ့အင်ဒိုနီးရှားနိုင်ငံတွေကို အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet အခုသီတင်းပတ်အတွင်း သွားရောက်ဖို့ ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအပေါ် တရုတ်နိုင်ငံက စစ်ရေးအရ သြဇာသက်ရောက်မှု နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတာဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနေတဲ့အတွက် ကမ္ဘောဒီးယားကို ပြည်ပပို့ကုန်တင်သွင်းမှု ကန့်သတ်တဲ့နိုင်ငံတွေစာရင်းထဲကို အမေရိကန် ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့မှာ အရေးယူ ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။

အခု ဒဏ်ခတ်အရေးယူမှု ချမှတ်လိုက်တဲ့အထဲ လက်နက်တင်ပို့မှုပိတ်ပင်တာအပြင် အရပ်ဘက်-စစ်ဘက်သုံးပစ္စည်းတွေ တင်ပို့မှု၊ စစ်အသုံးပစ္စည်းတချို့နဲ့ စစ်ထောက်လှမ်းရေးသုံးပစ္စည်းတွေ တင်ပို့ရောင်းချမှု ပိတ်ပင် ကန့်သတ်တာလည်း ပါဝင်ပါတယ်။

ထိုင်းပင်လယ်ကွေ့အတွင်းမှာရှိတဲ့ Ream ရေတပ်အခြေစိုက်စခန်းကို တရုတ်နိုင်ငံတနိုင်ငံတည်းသာ အသုံးပြုခွင့်ပြမယ်ဆိုတဲ့ သဘောတူစာချုပ်ကို ကမ္ဘောဒီးယားက လျှို့ဝှက် လက်မှတ်ရေးထိုးလိုက်တယ်ဆိုတဲ့သတင်း ၂၀၁၉ ခုနှစ်မှာ ထွက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ကမ္ဘောဒီးယားအကြား ဆက်ဆံရေးတွေ တင်းမာလာနေခဲ့တာပါ။

အဲဒီလို သဘောတူညီချက် လက်မှတ်ထိုးလိုက်တဲ့ကိစ္စကို တရုတ်စစ်တပ်က ငြင်းဆိုထားပေမယ့် ကမ္ဘောဒီးယားက ထိပ်တန်းစစ်ဘက်အရာရှိ ၂ ဦးကို အကျင့်ပျက်ခြစားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဒဏ်ခတ် အရေးယူလိုက်တာ အပါအဝင် အဲဒီ ရေတပ် အခြေစိုက်စခန်းနဲ့ ဆက်နွယ်မှုရှိတဲ့ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တချို့ကို သမ္မတ ဘိုင်ဒန်အစိုးရက ပြီးခဲ့တဲ့လအတွင်း ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}









==========

XS
SM
MD
LG