သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒွိုက် ထောင်ဒဏ်တသက် ကျသင့်လို့ တရားလို လျှောက်လဲ


ဒွိုက် ထောင်ဒဏ်တသက် ကျသင့်လို့ တရားလို လျှောက်လဲ

ကမ္ဘောဒီးယားနိုင်ငံက နာမည်ဆိုးနဲ့ ကျော်ဇောတဲ့ ခမာနီခေါင်းဆောင် တယောက်ရဲ့ ပြစ်ဒဏ်ကို တသက်တကျွန်းအထိ တိုးမြှင့် စီရင်သွားဖို့ ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတကာ စစ်ရာဇ၀တ်ခုံရုံးရဲ့ တရားလိုတွေက တောင်းဆိုလိုက်ကြပါတယ်။

ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရတဲ့ ဒွိုက် (Duch) လို့ လူသိများသူ ကိုင်ဂွပ်ခ်အေ့ဗ် (Kaing Guek Eav) ကျူးလွန်ခဲ့တာတွေကို ၃ ရက်ကြာ ကြားနာမှုတွေ လုပ်နေတဲ့ ဒုတိယနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ တရားလို ရှေ့နေတွေက တရားခွင်ကို တိုက်တွန်းလိုက်တာပါ။

ခမာနီ ခေါင်းဆောင်ရဲ့ အကျိုးဆောင် ရှေ့နေတွေကတော့ တရားခွင်ရဲ့ တာဝန်ဟာ ခမာနီ ထိပ်တန်းခေါင်းဆောင်တွေ အတွက်သာ ရည်ရွယ်ထားတာ ဖြစ်တဲ့အတွက် သူ့ကို ပြန်လွှတ်ပေးဖို့ မနေ့တုန်းကပဲ လျှောက်လဲခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီချေပချက်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က တရားခွင်တွေ စတင်ချိန်မှာ ပြောရမယ့် ကိစ္စသာ ဖြစ်တယ်လို့ တရားလို ရှေ့နေတွေက ပယ်ချခဲ့ကြတာပါ။

တရားလိုတွေရဲ့ ဒီကနေ့ တင်ပြချက်မှာတော့ ဒွိုက်ဟာ လူပေါင်း ၁၂,၀၀၀ ကျော် သေဆုံးမှုမှာ ပါဝင်ပတ်သက်မှုအတွက် တသက်တကျွန်းပြစ်ဒဏ် ထိုက်သူဖြစ်ပြီး ထောင်ဒဏ် ၄၅ နှစ်ထက် မလျော့သင့်ဘူးလို့လည်း တန်ပြန် လျှောက်လဲခဲ့ကြပါတယ်။

XS
SM
MD
LG