သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အနိုင်ရကြောင်း အာဏာရပါတီကြေညာ


ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် နိုင်ငံရေးအာဏာ ဆက်ယူသွားမည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် မဲပေး။
ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် နိုင်ငံရေးအာဏာ ဆက်ယူသွားမည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် မဲပေး။

ကမ္ဘောဒီးယားနိုင်ငံမှာ ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရပါတီက အနိုင်ရကြောင်း ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့အတူ ဆယ်စုနှစ်တွေနဲ့ချီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးနောက် အတိုက်အခံမရှိဘဲ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီး မနှစ်ကပဲ Hun Manet ကို အာဏာလွှဲပေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Hun Sen ဟာလည်း နိုင်ငံရေးမှာ တကျော့ပြန်ဝင်လာမယ့် အလားအလာ ရှိနေပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ရွေးကောက်ပွဲအပြီးမှာပဲ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ကိုယ်စားလှယ် ၅၈ နေရာမှာ အနည်းဆုံး ၅၀ အနိုင်ရကြောင်း ပါတီပြောခွင့်ရ Sok Eysan က ကြေညာခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်မယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

ဧပြီလမှာ ပြန်လည်စတင်မယ်လို့ ခန့်မှန်းထားတဲ့ အထက်လွှတ်တော်မှာ ဥက္ကဋ္ဌ ဖြစ်လာမယ် ဆိုရင်တော့ ကမ္ဘောဒီးယားဘုရင် ပြည်ပခရီးသွားတဲ့အခါမျိုးမှာ တိုင်းပြည်အကြီးအကဲအဖြစ် တာဝန်ယူရမှာပါ။ ရွေးကောက်ပွဲ တရားဝင် မဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က သီတင်းပတ် အတော်ကြာမှာ ကြေညာမယ်လို့လည်း ခန့်မှန်းရပါတယ်။

ရွေးကောက်ပွဲမှာတော့ အာဏာရ CPP အပြင်၊ ဘုရင်ကို သစ္စာခံတဲ့ Funcinpec ပါတီနဲ့ တခြားပါတီငယ် ၂ ခု တို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Forum

XS
SM
MD
LG