သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဘုရင်ဟောင်း သီဟာနု ကွယ်လွန်


ကမ္ဘောဒီးယား ဘုရင်ဟောင်း မင်းသားကြီး သီဟာနု
ကမ္ဘောဒီးယား ဘုရင်ဟောင်း မင်းသားကြီး သီဟာနု
ကမ္ဘောဒီးယားဘုရင်ဟောင်း မင်းသားကြီး သီဟာနုဟာ တနင်္ဂနွေနေ့ အစောပိုင်းကပဲ လူကြီးရောဂါနဲ့ နတ်ရွာစံခဲ့ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ကြေညာခဲ့ပါတယ်။ အသက် ၈၉ နှစ်အရွယ် မင်းသားကြီး သီဟာနုဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဆေးကုသမှုခံနေစဉ် ကွယ်လွန်ခဲ့တာပါ။

မင်းသားကြီး သီဟာနုကို ပြင်သစ်လက်အောက်က ကမ္ဘောဒီးယားနိုင်ငံ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သူ၊ စစ်ပွဲတွေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကနေ အခြေမခိုင်သေးတဲ့ ဒီမိုကရေစီကို ပုံစံချ ခြေလှမ်းစနိုင်အောင် ကြိုးပမ်းခဲ့သူအဖြစ် ချီးမွမ်း ပြောဆိုကြပါတယ်။

ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဘုရင်ဟောင်း မင်းသားကြီး သီဟာနုဟာ ပြည်ပခရီးထွက်နေစဉ် စစ်တပ်က အဓမ္မနန်းချဖယ်ရှားတာကို နှစ်အနည်းငယ်ခံခဲ့ရပါတယ်။ ထီးနန်းပြန်ရဖို့အတွက် သူဟာ ကွန်မြူနစ်အုပ်စုဖြစ်တဲ့ ခမာနီတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၆ ခုနှစ်မှာ ခမာနီတွေက သူ့ကို ဘေးဖယ်ထားခဲ့ပြီး သူ့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။

သူဟာ ၁၉၉၁ ခုနှစ်မှာ ပြည်နှင်ဒဏ်ခံနေရရာက ကမ္ဘောဒီးယားနိုင်ငံကို ပြန်လာခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ထီးနန်းကို ပြန်လည်ဆက်ခံခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အရေးပါသူတဦးအဖြစ် ထင်ရှားခဲ့ပါတယ်။
XS
SM
MD
LG